ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

ပြည်ကြီးတံခွန်  နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာမှုကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ် (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကြေညာခြင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ မဲစာရင်းများကိုသွားရောက်ကြည့်ရှုစစ်ဆေး၍ မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃) ဖြင့် လျှောက်ထားနိုင်ခြင်း၊ အချက်အလက် မှားယွင်းမှုများရှိပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး အဆိုပါပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲထံမှ အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။

ယင်းရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း  သိရသည်။

ဇင်မင်းမောင်