ညောင်ဦး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခုဒုတိယအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျှက်ရှိရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများ မှန်ကန်တိကျစေရေးတို့အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံများတွင် ၂၁ ရက်ကြာကပ်ထားကြေညာခဲ့ပြီး၊ မဲဆန္ဒရှင်စာရင်းများ တိကျ မှန်ကန်စေရေး ပြင်ဆင်ဆောင်ရွက်၍ ဒုတိယအကြိမ်အဖြစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ရာ၊ အဆိုပါမဲစာရင်းများ ကပ်ထား ကြေညာမှုအား ခရိုင်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မဲစာရင်းလာရောက်ကြည့်ရှုကြသူ မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး မဲစာရင်းတွင် အမည်စာရင်းပါဝင်မှု ရှိ/မရှိနှင့် အကယ်၍မပါဝင်ပါကချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း