Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်…
Dec 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေတိုးပွား
Dec 15,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းရေနှင့်မြေအောက်ရေကိုအမှီပြု၍ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး နေ့စဉ်မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် အမှိုက်ကင်းစင်သန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းဆောင်ရွက်
Dec 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမှိုက်ကင်းစင်သန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲစုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ဆေးလိပ်အစားထိုး အီး-စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Dec 15,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အများပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များ သုံးစွဲရန်မသင့်သော ဆေးလိပ်အစားထိုး အီး - စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စတိုင်းဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၊ အ.လ.က-ခွဲ(တာလော့) ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့စဉ်က တင်ကျန်ရစ်သည့် ရွှံ့နုန်းများကို ယမန်နေ့နံနက် ၇ နာရီခွဲက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် သုတဓမ္မဒီပလိုမာစာမေးပွဲ စတင်ဖြေဆို
Dec 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာဘူမိတက္ကသိုလ် (University Of Wisdom Land) မှ ကြီးမှူးကျင်းပသည့် သုတဓမ္မဒီပလိုမာစာမေးပွဲ ပဲခူးစာဖြေဌာန (၅) ကို အမှတ် (၆) ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ် ၁ နာရီချိန်က စတင်ဖြေဆို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ၂၁၁၉ ခုနှစ် ရှမ်းနှစ်သစ်ကူးဂုဏ်ပြုပွဲ(ဟုမ်စွန်းပီမိုင်တိုင်း)နှင့် စျေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်သော ၂၁၁၉ ခုနှစ် ရှမ်းရိုးရာနှစ်သစ်ကူးဂုဏ်ပြုပွဲ(ဟုမ်စွန်းပီမိုင်တိုင်း)နှင့် စျေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီကစတင်ပြီး နမ့်ယွမ်းဂေါက်ကွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုးနယားအက၊ ကိန္နရီ၊ ကိန္နရာ၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကာ နှစ်သစ်ကိုဂုဏ်ပြုသည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2428
Page
2429
Page
2430
Page
2431
Current page
2432
Page
2433
Page
2434
Page
2435
Page
2436
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department