Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာယာဝတီခရိုင်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး
Nov 23,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေသရုပ်ပြမဲပေးခြင်းကိုနိုဝင်ဘာ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Nov 23,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ထုတ်ပြန်ကြေညာကပ်ထားမှုများကို နိုဝင်ဘာ(၂၂)ရက် မွန်းလွဲ(၁)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများစတင်ကပ်ထားကြေညာ
Nov 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းများအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများ ပြုလုပ်၍ ဒုတိယအကြိမ် မဲစာရင်းများအား ယမန်နေ့နံနက်ပိုင်းက စတင်၍ ကပ်ထားကြေညာထားရှိသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် မုရစ်ကလေးကျေးရွာ တိုက်နယ်ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများမှ အခမဲ့ကွင်းဆင်းကုသပေးခြင်းအပေါ် ကြည့်ရှုအားပေး၊ မွန်ပြည်နယ် ကုန်သည်များနှင့်စက်…
Nov 23,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသခံပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများမှ အခမဲ့ကွင်းဆေးကုပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးကျေးရွာ၊ တိုက်နယ်ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအားလိုအပ်သည့် ကျန်းမာရေးအတွက် အခမဲ့စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့လှူဒါန်းပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းခရိုင် ပညာရေးမှူးရုံး၌ ကျောင်းကျန်းမာရေးအာဟာရထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Nov 23,2025
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းကျန်းမာရေးအာဟာရ ထောက်ပံ့ငွေပေးအပ်ကို နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မရမ်းကုန်းခရိုင်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှု
Nov 23,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများအား ကွင်းဆင်းဆောင်ရွက်
Nov 23,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးနေသူများအား နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ၊ ရန်ကုန် - ပုသိမ်လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမ…
Nov 23,2025
၂၀၂၅- ၂၀၂၆ဘဏ္ဍာရေးနှစ်၊ ရန်ကုန်- ပုသိမ်လမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ လမ်းလုပ်သားများဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အင်တိုက်အားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် ရန်ကုန်-ပုသိမ်လမ်း မိုင် ၄၄/၃ တွင် ကွန်ကရစ်လမ်း တည်ဆောက်ရန် မြေသားတာဘောင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ညဆိုင်းခွဲ၍ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ( မြို့ပြ)က လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2418
Page
2419
Page
2420
Page
2421
Current page
2422
Page
2423
Page
2424
Page
2425
Page
2426
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department