Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိသားစုခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်သို…
Dec 22,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ရိုးရာမနောအက၊ ဒေသထွက် ထုတ်ကုန်ပစ္စည်းပြခန်း၊ ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 22,2024
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ရိုးရာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာတွင် ရိုးရာမနောအက၊ ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်းများ၊ သစ်သီးဝလံပြပွဲပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအို၌ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်
Dec 22,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြည်သူလူထုအတွင်း အားကစားကို စိတ်ဝင်စားလာပြီး ကိုယ်လက်ကြံ့ခိုင်သောဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ဒီဇင်ဘာအားကစားလအတွင်း အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်(၆)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒီဇင်ဘာအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 22,2024
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော် ကောင်စီမှ ဦးဆောင်၍ ယမန်နေ့နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် စံပြသီးနှံစိုက်ခင်းများ ဆောင်ရွက်မှုနှင့် ခရစ်ယာန်ဘုရားကျောင်းများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Dec 22,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စံပြစိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် ခရစ်ယာန်ဘုရားကျောင်းများ၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုရအဖွဲ့စီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် မြေငှားဂရန်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Dec 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံချက်ဖြင့် ပထမဦးစားပေးကျေးရွာဖြစ်သည့် နမ့်လန်းကျေးရွာမြေငှားဂရန်များ ထုတ်ပေးသည့် အခမ်း အနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလတတိယပတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ်စီမံကိန်းတည်ဆောက်နေမ…
Dec 22,2024
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ(တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွား သင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား(၁၃၀၀)ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီ ပန်းခြံရှေ့မှ စတင်ပြီး ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကမ်းနားလမ်းတစ်လျှောက်တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရ…
Dec 22,2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်ပညာရေး ဒီဂရီကောလိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း တည်ဆောက်မည့် Hall ခန်းမ မြေနေရာနှင့် ကမ်းနားလမ်းတစ်လျှောက် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2414
Page
2415
Page
2416
Page
2417
Current page
2418
Page
2419
Page
2420
Page
2421
Page
2422
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department