Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖျာပုံမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Dec 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ဘိုးဘွားရိပ်သာရှိအဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းမ…
Dec 17,2024
စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သည့် ဌာနအဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေစာရင်းများ စိစစ်ညှိနှိုင်းရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်အတွင်း၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Dec 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ E-cigarette and Vape များ ရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရေတာရှည်၊ ဆွာ၊ သာဂရနှင့် မြို့လှမြို့တို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ တာဝန်ရှိသူများက ယမန်နေ့နေ့လယ် ၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်များသို့ ကွင်းဆင်း၍ တာဝန်ရှိသူများနှင့် တွေ့ဆ…
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အတွင်း မြို့နယ်များရှိ စိုက်ပျိုးဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အတွင်းရှိ မြို့နယ်များတွင် တစ်နှစ်ပတ်လုံးဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေး အချိန်မီဆောင်ရွက်သွားကြရန်၊ မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်" မှာကြားရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်မီစိုက်ပျိုးပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေရရှိရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Dec 17,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံ(သထုံ)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Dec 17,2024
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက အ.ထ.က ကျိုက်မရော(ပညာ့အားမာန်)ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်
Dec 17,2024
ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2421
Page
2422
Page
2423
Page
2424
Current page
2425
Page
2426
Page
2427
Page
2428
Page
2429
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department