အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြရမည့် တက္ကသိုလ်၊ ဒီဂရိကောလိပ်နှင့် ကောလိပ် ကျောင်းသား၊ ကျောင်းသူများက ကြိုတင်ဆန္ဒမဲပေးခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ကျောင်းသား ၂၀၇ ဦး၊ ကျောင်းသူ ၃၆၆ ဦး၊ စုစုပေါင်း ၅၇၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးထံမှ သိရသည်။
Nov 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့်မဲဆန္ဒရှင်ပြည်သူ များစာရင်း ဒုတိယအကြိမ်ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာကြောင်း သိရသည်။
Nov 23,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ငါန်းဇွန်မြို့ပေါ် ရပ်ကွက်(၄)ခုရှိ မဲရုံ (၅)ရုံအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးရာ ဒေသခံပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Nov 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလ (၂၁) ရက်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကြော်ငြာဘုတ်များတွင် ကြေညာထားကြောင်းသိရသည်။
Nov 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ၏ စာရင်းများအား နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းကစတင်၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာ နေရာများ၌ (ဒုတိယ)အကြိမ် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Nov 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မဲရုံအဖြစ်ဆောင်ရွက်မည့်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ယ​နေ့နံနက်(၉) နာရီက ကွင်းဆင်းစစ်ဆေး​ဆောင်ရွက်ခဲ့ကြသည်။
Nov 23,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိ ယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်‌နေ့ကစ၍ ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင် ဦးဆောင်၍ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှု နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။