မရမ်းကုန်းခရိုင် ပညာရေးမှူးရုံး၌ ကျောင်းကျန်းမာရေးအာဟာရထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းကျန်းမာရေးအာဟာရ ထောက်ပံ့ငွေပေးအပ်ကို နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မရမ်းကုန်းခရိုင် ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးကကျောင်းကျန်းမာရေး အာဟာရထောက်ပံ့ငွေ ပေးအပ်သည် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က ကျောင်းကျန်းမာရေးအာဟာရထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)ကို မရမ်းကုန်းမြို့နယ် ပညာရေးမှူး တာဝန်ခံ ဦးရဲရင့်ထံပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ကျောင်းတွင်း အာဟာရကျွေးမွေးနေသော ကျောင်း(၃၁)ကျောင်းကိုယ်စား မရမ်းကုန်းမြို့နယ် ပညာရေးမှူး တာဝန်ခံ ဦးရဲရင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)