တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများအား ကွင်းဆင်းဆောင်ရွက်

တာချီလိတ် နိုဝင်ဘာ ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးနေသူများအား နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများက လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးနေသူ (၄၇)ဦးအား လိုအပ်သောသက်သေခံအထောက်အထားများနှင့် စာရွက်စာတမ်းများစိစစ်၍ Biometric Data ကောက်ယူပြီး UID ကတ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးဖြင့် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)