အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများလိုက်ပါကာ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Nov 23,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ‌ ဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Nov 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲစာရင်းများကိုကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
Nov 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအသီးသီး၌ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
Nov 23,2025
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ အလိုက်ကပ်ထားကြေညာလျက်ရှိပြီး နိုဝင်ဘာလ(၂၂)ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများကို  တာဝန်ရှိသူများကအဖွဲ့များခွဲကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Nov 23,2025
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာရေးဆရာ နန္ဒ ရေးသားသော ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Nov 23,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့သည်။
Nov 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက်က ကျိုင်းတုံမြို့ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။