သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ၊ ရောင်ပြန်စတေကာကပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သင်္ဃန်ကျွန်း မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အမှတ် (၃) ယာဥ်ထိန်းတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမြင့်အောင်ဦးဆောင်ကာ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ် မောင်းနှင်နေသူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ဘေးတွဲဆိုင်ကယ်များ ယာဉ်အန္တရယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက လေးထောင့်ကန်လမ်းမနှင့် သံသုမာလမ်းမကြီးတို့ဆုံရာ ငမိုးရိပ်စံပြစျေးတွင် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၃) ယာဥ်ထိန်းတပ်ဖွဲ့မှ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့ ဒုတိယရဲမှူးမြင့်အောင်နှင့်တပ်ဖွဲ့၀င်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ ဦးမောင်မောင်ဦး လက်ထောက်အုပ်ချုပ်ရေးမှူး- ပါ၀င်သောပူးပေါင်းအဖွဲ့များက ငမိုးရိပ်စံပြ စျေးတွင်သွားလာနေကြသော ပြည်သူများ၊ မော်တော်ယာဉ်မောင်းနှင်နေသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းသွားလမ်းလာများ လူကူးခုံးကျော်တံတားမှ သွားလာကြရန်၊ ဘေးတွဲဆိုင်ကယ်များ ရောင်ပြန်စတေကာကပ်ခြင်းများ၊ ဆိုင်ကယ်မောင်းနှင်သူများ နောက်ကြည့်မှန်၊ အချက်ပြမီးများတပ်ဆင်မောင်းနှင်ရန် စသည့်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စတေကာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)