ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင် မေ ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ ၁၂ ရက်နေ့က သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊‌ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျော့ချရေးခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ရွာသူ၊ ရွာသားများက သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား‌ပေးခဲ့သည်။ ထို့‌နောက် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)