ကွမ်းခြံကုန်း မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မေလ ၁၂ ရက်နေ့က တောကျောင်းကျေးရွာအုပ်စု၊ ကမာကလွန်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်းစိုးနှင့် ဝန်ထမ်းများက ကမာကလွန်ကျေးရွာရှိ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေါင်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)