ကျောက်မဲမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ (ဆင့်ပွား) သင်တန်းဖွင့်လှစ်

​ကျောက်မဲ မေ ၁၄

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(၁) ကျောင်းခန်းမ၌ ကျင်းပသည်။

​အခမ်းအနားတွင် ကျောက်မဲခရိုင် ပညာရေးမှူးရုံးမှ တာဝန်ခံခရိုင်ပညာရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး သင်တန်းမှူး ဦးအောင်ရွှေက သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

​အဆိုပါသင်တန်းသို့ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ၉၃ ကျောင်း (ဘက ၁ ကျောင်းအပါအဝင်) မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၁၆၉ ဦး တက်ရောက်ကြပြီး၊ နည်းပြ ၆ ဦးဖြင့် မေလ ၁၄ ရက်နေ့မှစ၍ ၁၀ ရက်ကြာ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

​ခရိုင်(ပြန်/ဆက်)