ချောင်းဆုံ မေ ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပြည်နယ်မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦး ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးတပ်စုများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များအား အသင့်ဖွဲ့စည်းထားရှိကြောင်း သိရသည်။
အဆိုပါဖွဲ့စည်းထားရှိမှုတွင် မြို့နယ်မီးသတ်တပ်ဖွဲ့သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၅ ဦး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များဖြင့် စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေဘေး၊ လေဘေး၊ မီးဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)