ကွမ်းခြံကုန်းမြို့နယ်တွင် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်ကာလအတွင်း ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယ‌မန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးအောင်ကိုကိုက မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် တစ်ဧကငွေကျပ်သုံးသိန်းထုတ်ချေးသွားမည်ဖြစ်ပြီး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စည်းကမ်းသတ်မှတ်ချက်များနှင့် သတ်မှတ်သည့် ကာလအတွင်း အကျေပြန်ဆပ်ရန်တို့ကို ပြောကြာခဲ့သည်။

ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက တောကျောင်း၊ ကျေးရွာရှိ တောင်သူ (၅၃) ဦး၏ မိုးစပါး (၄၁၃) ဧကအတွက် (၁၂၃၉) သိန်းအား စတင်ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုမှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)