မောက်မယ် မေ ၁၄
နိုင်ငံတော်၏လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာကဏ္ဍ၏ အစပျိုးရာဖြစ်သော သူငယ်တန်း KG နှင့်ပထမတန်း Grade-1 အဆင့်များသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါရှိသောကြောင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က သူငယ်တန်း KG နှင့်ပထမတန်း Grade-1 အဆင့်များသည် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင် ပါရှိသောကြောင့် သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းကျင်းပပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ အဆိုပါမူလတန်း အတန်းပိုင်များနှင့် လက်ထောက်ဆရာ/ဆရာမများ(၇၅)ဦး တက်ရောက်ပြီး ပြည်နယ်တွင် သင်တန်းတက်ရောက်လာသော ဆရာ/ဆရာမ(၃)ဦးက သင်တန်းအားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ၁၄-၅-၂၀၂၆ မှ ၂၄-၅-၂၀၂၆ရက်နေ့အထိ(၁၀)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)