မက်မန်းမြို့နယ်၌ (၇၄) နှစ်မြောက် “လွတ်လပ်ရေးနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မက်မန်း ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ (၇၄) နှစ် မြောက် “လွတ်လပ်ရေးနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက်(၉)နာရီ အချိန်က မက်မန်းမြို့ အ.ထ.က အထက်တန်း ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲကို မက်မန်းမြို့ အ.ထ.က အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၃) ဦးတို့က “တို့နိုင်ငံကိုချစ်မြတ်နိုးလို့ လတ်လပ်ရေးကိုထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပမည့်  (၇၄) နှစ်မြောက် “လွတ်လပ်ရေးနေ့” အခမ်းအနားတွင် ဆုရရှိသူကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)