ညောင်တုန်းမြို့နယ်တွင် အဘိဓမ္မာ (ရိုးရိုး) အဘိဓမ္မာဂုဏ်ထူး​ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာ​မေးပွဲကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သာသနာ​ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ​ရေးဦးစီးဌာနမှ ကြီးမှုကျင်းပသော (၇၀) ကြိမ်မြောက် အဘိဓမ္မာ (ရိုးရိုး) အဘိဓမ္မာဂုဏ်ထူး​ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာ​မေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက (၁)ရပ်ကွက်၊​ ကျောင်းကြီး​ကျောင်းတိုက် ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့က ကြီးကြပ်၍ အဘိဓမ္မာ (ရိုးရိုး) အဘိဓမ္မာဂုဏ်ထူး​ဆောင်နှင့် ဝိသုဒ္ဓိမဂ်စာ​မေးပွဲဖြေဆိုသူ စုစုပေါင်း (၃၂) ဦး ဖြေဆိုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)