နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား “ပန်းခင်း” စီမံချက်ဖြင့် ကျေးရွာများသို့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ကျိုင်းတုံ ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ ဒီဇင်ဘာလ (၂၄) နံနက် (၁၀)နာရီက ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်အုပ်စုရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခိုင်ညွှန့်နှင့် ဝန်ထမ်းများက နမ့်ခတ်ကျေးရွာအုပ်စု အတွင်းရှိ ကယ်ဝှက်ကျေးရွာ၊ တာဖဲကျေးရွာ၊ မိုင်အင်ကျေးရွာ၊ ဝမ်ခယ်ကျေးရွာနှင့် မဟိပန်ကျေးရွာ နေပြည်သူများအား “ပန်းခင်းစီမံချက်ဖြင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၅)ကျောင်းမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူ (၁၁၀)ဦး အသက်(၁၀)နှစ် ပြည့်ပြီးသူ (၈၉)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၅)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်သူ (၁၅)ဦးနှင့်နိုင်ငံသား စိစစ်ရေးကတ် ပျက်စီး/ ပျောက်ဆုံး (၁၁)ဦး၊ တို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများ ကိုင်ဆောင်နိုင်ရန် ၂၀၂၁ ခုနှစ် မေလ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလ()ရက်နေ့အထိ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)