နေပြည်တော် ဒီဇင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အဘိဓမ္မာ(ဂုဏ်ထူး)၊ အဘိဓမ္မာ(ရိုးရိုး)နှင့် ဝသုဒ္ဓိမဂ် စာမေးပွဲများကို ပျဉ်းမနားမြို့နယ်၊ အုန်းတောပရိယတ္တိစာသင်တိုက် စာဖြေဌာနနှင့် ဇမ္ဗူသီရိမြို့နယ် နန်းဦးပရိယတ္တိစာသင်တိုက် စာဖြေဌာနတို့တွင် ဖြေဆိုလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက စာမေးပွဲကြီးကြပ် ဆရာတော်များအား ဖူးမျှော်ကြည်ညိုပြီး ဩဝါဒခံယူကာ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုစစ်ဆေးအားပေးသည်။
အဆိုပါ စာမေးပွဲများအား ပျဉ်းမနားမြို့နယ်၊ အုန်းတောပရိယတ္တိစာသင်တိုက် စာဖြေဌာနနှင့် ဇမ္ဗူ သီရိမြို့နယ် နန်းဦးပရိယတ္တိစာသင်တိုက် စာဖြေဌာနတို့၌ အဘိဓမ္မာ(ဂုဏ်ထူး)စာမေးပွဲတွင် လူပုဂ္ဂိုလ် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦး၊ အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲတွင် လူပုဂ္ဂိုလ် အမျိုးသား (၆)ဦး၊ အမျိုးသမီး(၁၅)ဦး၊ နှင့် ဝသုဒ္ဓိမဂ် စာမေးပွဲတွင် သီလရှင် (၁)ပါး၊ လူပုဂ္ဂိုလ် အမျိုးသမီး(၈)ဦး စုစုပေါင်း စာမေးပွဲဖြေဆိုသူ(၃၆)ဦးဖြေဆိုလျက်ရှိရာ ဒီဇင်ဘာလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃) ရက်ကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်ဆက်)