မိုင်းယောင်း ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယခုအခါ တောင်သူအချို့က ဟင်းသီးဟင်းရွက်များစိုက်ပျိုး၍ ခူးဆွတ်ရောင်းချကာ မိသားစုဝင်ငွေ တိုးပွားရရှိနေကြောင်း သိရသည်။
“ပဲလင်းမြွေ တစ်စည်းလျှင် ကျပ် ၅၀၀၊ သုံးစည်းလျှင် ကျပ် ၁၀၀၀ နဲ့ ရောင်းရပါတယ်။ ခရမ်းသီး၊ ပဲစင်းငုံ၊ ပဲလင်းမြွေနဲ့ ပဲသီးအမျိုးမျိုး ရရှိပါတယ်၊ ရောင်းဈေးကတော့ အတူတူဘဲဖြစ်ပါတယ်။ တချို့က မိမိနေအိမ်ခြံဝင်းအတွင်းမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားတာရှိသလို တချို့လည်း တောင်ယာ၊ လယ်ယာထဲမှာ စိုက်ပျိုးထားကြပါတယ်”ဟု ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးက ပြောပြသည်။
မိုင်းယောင်းတွင် ဥယျာဉ်ခြံလုပ်ငန်း၊ ပန်းမျိုးစုံစိုက်ပျိုးခြင်းနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းလုပ်ငန်းများကို ရာသီအလိုက် လုပ်ကိုင်လျက်ရှိပြီး မီးဖိုချောင်အသုံးစရိတ်ကာမိစေရန်အတွက် ဟင်းသီးဟင်းရွက်များကို စိုက်ခင်းအတွင်း စိုက်ပျိုးထားကြပြီး ခူးဆွတ်ရောင်းချချိန်တွင် မိသားစုဝင်ငွေကို အထောက်အပံ့ရလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း