လမိုင်း ဒီဇင်ဘာ ၂၆
မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင်၊လမိုင်းမြို့ မော့ကနင်ကျေးရွာတွင်YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ ဦးစီးကျင်းပသော (၇၂)ကြိမ်မြောက်(၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့် စာမေးပွဲ ကို ကော့ဖယ်ဂြင်ကျောင်း(ခ)ကော့လဝဲကျောင်း၌ ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါစာမေးပွဲဖြေဆိုရာတွင်လမိုင်းမြို့အတွင်းရှိနာယကအဖွဲ့ဝင်များ၊ရေးမြို့နယ်YMBAအတွင်းရေးမှူးဦးမျိုးအောင်နှင့်တွဲဖက်အတွင်းရေးမှူး(၁)ဦးကျော်ဇေယျာတို့ကကြီးကြပ်ပေးပြီး၊ဆရာ၊ဆရာမများ၊စာမေးပွဲကျင်းပရေးကော်မတီဝင်များနှင့် အလှူရှင်များမှပံ့ပို့ကူညီဆောင်ရွက်ပေးသည်။
YMBAဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ(၇၂)ကြိမ်မြောက်(၃၈)ဖြာမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲပထမအဆင့် စာမေးပွဲ များကိုဖြေဆိုသူအမျိုးသား(၁၂)ဦး၊မ(၃၃)ဦးစုစုပေါင်း(၄၅)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရှိရသည်။
လမိုင်း(ပြန်/ဆက်)