မိုးကောင်း ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်း သွေးနှင့်အောက်ဆီဂျင်ကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် ဖြူစင်မေတ္တာသွေးကမ္ဘာအသင်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ယနေ့ နံနက်ပိုင်းက အိမ်တိုင်ယာရောက်လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ဖြူစင်မေတ္တာသွေးကမ္ဘာအသင်းက သွေးနှင့်အောက်ဆီဂျင်ကို အဓိက ဦးစားပေး ဆောင်ရွက်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အလှူရှင်တွေလှူဒါန်းပေးကြတဲ့အတွက် ကျတော် တို့အသင်းအနေနဲ့ အတိုင်းမသိဝမ်းသာပီတိဖြစ်မီပါတယ်။ ဒါကြောင့် အမှုဆောင်တွေနဲ့ တိုင်ပင်ပြီး ကိုဗစ်ကာလမှာ လူမစုဝေးစေပဲ အိမ်တိုင်ယာရောက် ဂုဏ်ပြုမှတ်တမ်းလွှာ လိုက်လံပေး အပ်ခြင်း ဖြစ်ပါတယ်။”ဟု အဆိုပါအသင်းမှ စည်းကမ်းထိန်းသိမ်းရေးမှူး ဦးကျော်မျိုးလွင်က ပြောကြားသည်။
မိုးကောင်းမြို့နယ်၌ ဖြူစင်မေတ္တာသွေးကမ္ဘာလူမှုရေးအသင်းသည် ကိုဗစ်ကာလတွင်း အောက်ဆီဂျင်ကိုအဓိကထားဆောင်ရွက်နေပြီး ဆေးကုသမှုခံယူနေသောလူနာများအတွက် လိုအပ်သော သွေးရရှိမှုလုပ်ငန်းကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့သူမြို့သားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါလူမှုရေးအသင်းမှ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)