မအူပင်မြို့တွင် မအူပင်(မ.စ.က)၂၀၂၁ခုနှစ် နှစ်ပတ်လည်သင်းလုံးကျွတ် အထိမ်းအမှတ်မိသားစု အားကစားပြိုင်ပွဲကျင်းပ

မအူပင်  ဒီဇင်ဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မအူပင်(မ.စ.က)၂၀၂၁ခုနှစ် နှစ်ပတ်လည် သင်းလုံးကျွတ် အထိမ်းအမှတ် မိသားစုအားကစားပြိုင်ပွဲအဖြစ် စမောဂိုးပြိုင်ပွဲအား ယမန်နေ့ နံနက်ပိုင်းက မအူပင်ကားဂိတ်ဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါမအူပင်(မ.စ.က) ၂၀၂၁ခုနှစ် နှစ်ပတ်လည်သင်းလုံးကျွတ် အထိမ်းအမှတ်မိသားစု အားကစား ပြိုင်ပွဲတွင် တိုးဧရာအသင်း၊ ပန်းရိုးမအသင်း၊ ကောင်းထက်သူအသင်း၊ ရွှေလမင်းအသင်း၊ မြစ်ဧရာကျော်အသင်း၊ မင်းဧရာအသင်း စသည့်အသင်း(၆)သင်းက တသင်းလျှင်(၅)ဦးဖြင့် ပတ်လည်ယှဉ်ပြိုင်ကစားကြရာ ယနေ့တွင်တိုးဧရာအသင်းနှင့် ရွှေလမင်း အသင်းတို့က ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် တိုးဧရာအသင်းက(ပထမ) ရွှေလမင်းအသင်းက (ဒုတိယ) ရရှိခဲ့ပြီး တာဝန်ရှိသူများက ပထမဆုကို ကျပ်၈၀၀၀၀ ဒုတိယဆုကို ကျပ် ၅၀၀၀၀ဖြင့် အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


အောင်ခိုင်