အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် မင်းဘူးခရိုင် ပြန်ဆက်/ဦးစီးဌာနနှင့် မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာလ သီးနှံထုတ်လုပ်မှု မကျဆင်းစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
Jan 25,2021
လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များသည်၊  ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ် မန်နေဂျာနှင့် ဝန်ထမ်းများ လိုက်ပါလျက်၊  ယမန်နေ့ မွန်းလွဲ(၂:၃၀)နာရီက  ကျောက်ပန်းတောင်းမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အသုံးပြုနေသည့် ထရန်စဖော်မာ နှင့် လျှပ်စစ်မီးလိုင်းများ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jan 25,2021
မကွေးတိုင်းဒေသကြီးမှာ ယမန်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုး တွေ့ အတည်ပြုလူနာသစ် (၁၃) ဦး ထပ်တိုး တွေ့ရှိပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၁၉၇)ဦးထိ ရှိလာ ကြောင်း သိရသည်။
Jan 25,2021
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ၊ ကျေးရွာလူထုထည့် ဝင်ငွေတို့ ဖြင့်ဆောင်ရွက်ခဲ့သော  မတ္တရာမြို့နယ်မှ ဆည်တော်လေးကျေးရွာ၊ တံတားဖြူကျေးရွာ၊ အုတ်ဖို ကြီးကျေးရွာ၊ အုတ်ဖိုလေးကျေးရွာ၊ အုတ်ဖိုလေးရွာသစ်ကျေးရွာနှင့် မဟာမြိုင်ကျေးရွာတို့၏ စုပေါင်းလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မဟာမြိုင်ကျေးရွာ လျှပ်စစ် ထရန်စဖော်မာရှေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jan 25,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ် (၃၀) ပြည့် ပုလဲရတုနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်သည်။
Jan 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre)တွင် ယမန်နေ့ ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာရယူခဲ့သည်။
Jan 25,2021
တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် လျော့နည်းစေရန်ရည်ရွယ်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံမှု ရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များအား ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။