အဖိတ်ဥပုသ်နှင့် ရုံးပိတ်ရက်များတွင် မင်းဘူးမြို့ရှိ တန်ခိုးကြီးစေတီပုထိုးများသို့ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြား

မင်းဘူး ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့သည် အဖိတ်ဥပုသ်နှင့် စနေ တနင်္ဂနွေရုံးပိတ်ရက်များတွင် တန်ခိုးကြီးစေတီပုထိုးများနှင့် အထင်ကရနေရာများတွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။

ဒီဇင်ဘာ ရုံးပိတ်ရက်များတွင် စက္ကိန်းတဲ စေတော်မြတ်ကြီးနည်းတူ အခြားတန်ခိုးကြီးစေတီ ပုထိုးများဖြစ်သော ဓာတ်တော်ကုန်းစေတီ၊ ရှင်မင်းဘူး၊ ရေပုတ်ကျေးရွာမှ ရွှေမြင်တင်၊ အောက်ကျောင်း ကျေးရွာမှ သမုဒ္ဒဂီရိ မြစေတီတော်မြတ်ကြီး၊ ပန်းလွှားရွာအနီးမှ ရှင်ပင်နီဂူစေတီ၊ နဂါးပွက်တောင်အပြင် ဝိဇ္ဇာဆရာတော်ဘုရားကြီး ဦးဂေါဝိတ တရားကျင့်ကြံအားထုတ်ရာ ပေါက်ချာင်အရပ်နှင့် ရွှေစက်တော် ပါဒခြေတော်ရာနှစ်ဆူတို့တွင် ပြည်တွင်း ပြည်ပမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက် ရှိကြောင်း ဘုရားဂေါပကများထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)