ငဖဲ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဧရာမင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပန်းထိမ်းကျေးရွာမှ တောင်သူ ဦးစောဝင်း ၏ ကွင်းအမှတ်( ၁၀၄၂)ဦးပိုင်အမှတ် (၁၃၅)၊စိုက်ဧက (၁.၁၄)ဧကရှိ မိုးစပါးစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်း က ဌာနအနေဖြင့် မိုးစပါးများ စံကွက်ရိတ်သိမ်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်းနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းထွေးနှင့် ကွင်းဝန်ထမ်းများ ပူးပေါင်းကာ တောင်သူ ဦးစောဝင်း၏ ဧရာမင်းမိုးစပါး ကောင်း ကိုယ်စားပြုစံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း အစိုထွက် (၉၇.၆၂)တင်း ထွက်ရှိသည်။
ငဖဲမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက (၈၃၁၁)ဧကရှိရာ ယနေ့ထိ (၄၇၈၀)ဧက ရိတ်သိမ်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
မယု (ငဖဲ)