မောင်တော ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ပေါ်ရှိ ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့ နံနက် ၉ နာရီ အချိန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့မတောင်ရပ်ကွက်ရှိ ဈေးဆိုင် များအား မီး ဘေး လုံခြုံရေး စစ်ဆေး ဆောင် ရွက် ခဲ့ရာ မီးလောင်မှု၊ မီးလန့် မှု မဖြစ်ပွားစေရေး နှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွား ပါကလည်း ၊ မီးလောင်ဆုံးရှုံးမှု လျော့ နည်း စေရေး အ တွက် အသုံး ပြု လျှက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား စနစ် တကျ သွယ်တန်း တပ်ဆင် အသုံးပြုကြရန် ၊ လျှပ်စစ် ဝါယာ ကြိုး များ ဟောင်းနွမ်းနေပါက တတ်ကျွမ်းနား လည် သူ များ နှင့် အသစ်လဲလှယ် တပ်ဆင်ပြီး အသုံးပြုကြရန် ၊ မီးဘေး မပေါ့ဆကြရန် နှင့် ဈေးဆိုင် များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရှေးဦး မီးသတ် ဆေး ဘူးများ ဆောင်ရွက်ထား ရှိစေရေး အတွက် ကွင်း ဆင်း စစ်ဆေး အကြုံပြု ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး