ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ခိုလှုံရာ IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊စာစောင်များလေ့လာဖတ်ရှုနိုင်ရန် Mobile Library ကွင်းဆင်းဆောင်ရွက်

ကျောက်ဖြူ    ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ခိုလှုံရာ IDPs စခန်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ် စာပေများလေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ လာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့သွားရောက်ပြီး Mobile Library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း စသည့်စာအုပ်ပေါင်း ၃၀၀ ကျော် ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၎င်း IDPs စခန်းအတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများမှ စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့်ငှားရမ်းခဲ့ကြသည်။

အဆိုပါခိုလှုံရာစခန်းတွင် ခိုလှုံနေပြည်သူ ၁၀၀၈ ဦးနေထိုင်လျက်ရှိပြီး စာအုပ်၊စာပေဖတ်ရှုရန် အတွက် စာအုပ်လာရောက်ငှားရမ်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက လက်သန့်ဆေးရေများဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ငှားရမ်းပေးခဲ့ကြောင်း သိရှိရ သည်

တင်ထွန်းဦး၊ ဖြိုးဝေလင်း