မြို့သစ်မြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုး

မြို့သစ် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။

ငှက်ပျောပင်များ စိုက်ပျိုးသည့်အခါ သားတက်များကို အရွယ်ငယ်ငယ်နှင့် စိုက်ပျိုးသည့်နည်းဖြင့် စိုက်ပျိုးလျှင် အဖီးများများကျပြီး ၉လနှင့်၁၀ လကြာမှ ငှက်ပျောခိုင်ထွက်သည်။ စိုက်ပျိုးရာတွင်လည်း အများဆုံးသားတက်ငယ်ကိုသာအများဆုံးစိုက်ပျိုးခဲ့ကြသည်ဒါကြောင့် စိုက်ခင်းပိုင်ရှင်များက သားတက်ငယ်ငယ်ကိုသာ ဖမ်း၍စိုက်ပျိုးကြသည်။    

ငှက်ပျောဆို့များကို စိုက်ပျိုးပြီး ၁၀ လကြာလျှင် ငှက်ပျောခိုင်ထွက်၍ အခိုင်ထွက်ပြီး လလောက်ဖြင့် ခုတ်၍ ရောင်းချလို့ ရကြသည်။ သားတက်ငယ်ငယ်ဖြင့် စိုက်ပျိုးပါက ငှက်ပျောခိုင်တစ်ခိုင်လျှင် ငှက်ပျောဖီး ၁၀ ဖီးအထိ ပါရှိ၍ ရောင်းဝယ်သူများအနေဖြင့် ရောင်းသူလည်းကြိုက်၊ဝယ်သူလည်းကြိုက်ဖြစ်ခဲ့သည်များကို ငှက်ပျောစိုက်တောင်သူဦးဝင်းဦးထံမှသိရသည်။

ကျွန်တော့်အနေနဲ့ ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးထားသော်လည်း စိုက်ပျိုးပြီး အထူးဂရုစိုက်စရာမလိုဘဲ ငှက်ပျောလက်များ လှီးဖြတ်ပေးရခြင်း၊ ငှက်ပျောခိုင်ခုတ်၍ ရောင်းချရခြင်းလောက်သာ ပြုလုပ်ပေးရကာ အရင်းနည်းပြီးအမြတ်များများ ရရှိသောကြောင့် ငှက်ပျောခြံများကို ဧကများများ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးထားတာပါ''ဟု မြို့သစ် မြို့နယ်ပုတီးကုန်းကျေးရွာမှ ဖီးကြမ်း ငှက်ပျောခြံပိုင်ရှင် ထံမှပြောပြသိရှိရသည်အလားတူ မြို့သစ်

မြို့နယ် ပုတီးကုန်းကျေးရွာတွင်သာမက မြို့လုလင်ကျေးရွာ၊ပုလင်းကျေးရွာနှင့်မြို့သစ်မြို့ပေါ်များ၏ ယာမြေများတွင်လည်း ငှက်ပျောစိုက်တောင်သူများပို၍များစွာ စိုက်ပျိုးထားလျက်ရှိကြောင်းသိရသည်။ 

ကိုဇော်