ပုလော ဒီဇင်ဘာလ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ပုလောမြို့အမှတ်(၂)ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လဝကဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပြီး၊ မြို့နယ် လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် (၁၀) နှစ်ပြည့် နိုင် ၃(က) (၁၈)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင် ၆(က)(၂၄)ဦး၊ လဲလှယ်(၂၀)ဦး၊ မိတ္တူ(၁၉)ဦး၊ စုစုပေါင်း (၈၁)ဦးနှင့် အိမ်ထောင်စုအသစ် ၂၄ စုကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)