ညောင်တုန်း ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြိုနယ်အဆင့်အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၇နေ့ နံနက် ၉နာရီက မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့အားကစားပြိုင်ပွဲများကျင်းပရာတွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်သောလူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ အခြေခံပညာ အထက်တန်းအဆင့်၊အလယ်တန်းအဆင့်၊မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ဗူပေါင်းဖေါက်ပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ပျော်ရွှင်စွာကျင်းပခဲ့ကြကြောင်းသိရသည်။
မြို့နယ