အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်ချုပ် တားဆီရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ရှိန်းမြသင်း ရေးသားထားသော စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေးဆီသို့ ဆောင်းပါဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခနီးကျေးရွာနှင့် ခနာကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို  ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက်ပိုင်းက ခနီးကျေးရွာနှင့်  ခနာ ကျေးရွာအတွင်းရှိ  လမ်းဆုံလမ်းခွနေရာများတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 27,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က Pilot Project ဖြင့် လောက်ကိုင်မြို့ အမှတ် (၂) ရပ်ကွက်၊ နယ်မြေ(၄)၊ ထင်းစည်းအဝိုင်းအနီးတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိသည်။
Dec 27,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာများ၌ ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးလျက်ရှိရာ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှ လမ်းဆုံကျေးရွာ အတွက် သတ္တမအကြိမ် ပြန်လည် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။