ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် Pilot Project ဖြင့်ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးပေး

လောက်ကိုင် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယနေ့ နံနက်  ၁၀ နာရီအချိန်က  Pilot Project ဖြင့်  လောက်ကိုင်မြို့ အမှတ် (၂) ရပ်ကွက်၊ နယ်မြေ(၄)၊ ထင်းစည်းအဝိုင်းအနီးတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိသည်။

ပြည်သူများအကြား Covid - 19 ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့်ပ​ပျောက် စေရေးအတွက် ပြည်သူလူထုကကာကွယ်ရေးနည်းလမ်းများကို အလေးပေးဂရုစိုက် လာစေရန် ရည်ရွယ်၍ လူစုလူဝေးများပြားသည့် စျေးများ၊ လမ်းဆုံများတွင်၊ ပြည်သူများအား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်ယူ ၍ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Mask ဖြန့်ဝေခြင်း အသိပညာပေး လှုပ်ရှားမှုများကို ရွေလျားဝန်ဆောင်မှုပေး၍ ဆောင်ရွက်လျက်  ရှိကြောင်း သိရသည်။

ဒေါ်နန်းမြမြဝင်း (လောက်ကိုင်ဒေသ-ပြန်/ဆက်)