မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံ

မိုင်းငေါ့ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်ချုပ် တားဆီရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကျွန်မ အမည်က မစုမြတ်ခိုင် ဖြစ်ပါတယ်၊ အသက်က (၃၇)နှစ်ပါ၊ ဈေးရပ်ကွက် မိုင်းငေါ့မှာ နေထိုင်ပါတယ်၊ မိသားစုက ()ယောက်ရှိပါတယ်၊ ကျွန်မ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို () ကြိမ် ထိုးနှံပြီးပါပြီ၊ ပထမအကြိမ် ကာကွယ်ဆေးကို (၂၅--၂၀၂၁) ရက်နေမှာထိုးခဲ့ပြီး၊ ဒုတိယအကြိမ် ကာကွယ်ဆေးကို (၂၃-၁၀-၂၀၂၁) ရက်နေ့မှာ ထိုးနှံခဲ့ပါတယ်၊  ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတော့ ခေါင်းတွေအရမ်းကိုက်တယ်၊ ကိုယ်လက်တွေ ညောင်းညာ ကိုက်ခဲ့တယ်၊ အဲ့ဒါနဲ့ ကျွန်မလည်း Paracetamol သောက်လိုက်တော့ သက်သာသွားပါတယ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးတော့ ဆေးထိုးတဲ့ဘက်က လက်မောင်း ကိုက်တယ် ကျန်တာတော့ ဘာမှ မဖြစ်တော့ပါဘူး၊ ခုဆိုရင် ကျွန်မတို့ မိုင်းငေါ့မြို့မှာ ကိုဗစ်-၁၉‌ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ ကျန်းမာရေး ဝန်ထမ်းများက အသက်(၁၈)နှစ် အထက် ပြည်သူတွေကော၊ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အတွက် အသက်(၁၂)နှစ် အထက် ‌အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူတွေကော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိအောင် ကာကွယ်ဆေး ထိုးနှံပေး‌နေပါတယ်၊ ကာကွယ်ဆေး ထိုးနှံကြဖို့ သက်ဆိုင်ရာကနေပြီး အသိပေးနှိုးဆော်နေတာတွေကိုလည်း တွေ့ရပါတယ်၊ ဒီကာကွယ်ဆေး ထိုးပြီးတဲ့ခါ ကိုယ့်ကိုကိုယ် အားရှိသွား သလိုခံစားမိတယ်၊ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြဖို့အတွက် လူတိုင်းအလေးထား လိုက်နာဆောင်ရွက်သင့်ပါတယ်၊ ဒါမှလည်း ရောဂါဖြစ်ပွားမှု လျောကျလာမှာ ဖြစ်ပါတယ်၊ ကျွန်မနေနဲ့ ပြောချင်တာက တော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  မထိုးနှံကြသေးသူ ပြည်သူများ အနေနဲ့လည်း ကာကွယ်ဆေးကို ထိုးနှံကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်၊ ကျွန်မတို့ ပြည်သူတွေ ယခုလို ကာကွယ်ဆေး ထိုးနှံလို့ရအောင် ကူညီဆောင်ရွက်ပေးကြသော လူကြီးမင်းများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိ ပါတယ်ရှင်။

တွေ့ဆုံမေးမြန်းသူ မို့မို့ (မိုင်းငေါ့ ပြန်/ဆက်)

သတင်းပေးပို့သူ မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)