ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၂၇

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင် မြို့နယ်ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး ဆရာမ ဒေါ်မေမြတ်စန္ဒာက စာရေးဆရာဦးကိုကိုလေးရေးသားသည့်     "ပင်လုံ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင်  ကျူးကျော်စစ်သုံးကြိမ် ပေါ်ပေါက်လာပုံ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ပင်လုံအစည်းအဝေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းမှုများ၊ ပင်လုံညီလာခံ၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်တိုးတက်လာမှုများကို ယနေ့ခေတ် လူငယ်များ  အသိပညာ ဗဟုသုတရရှိစေရန် ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင် မြို့နယ်ရုံးမှ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး စာဖတ်ဝိုင်း အစီအစဉ်များကို စာရေးဆရာများ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အများပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ပြုလုပ် ဆောင်ရွက်လျက်ရှိပြီး ဗိုလ်တထောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေနှင်း(ဗိုလ်တထောင်)