လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ   ဒီဇင်ဘာ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ရှိန်းမြသင်း ရေးသားထားသော စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေးဆီသို့ ဆောင်းပါဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က စာမတတ်သူ ပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေးဆီသို့ ဆောင်းပါး၏ ရည်ရွယ်ချက်နှင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နန်းနှင်းနှင်းစိုးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် နိုင်ငံသားများ၏ အတွေးအခေါ် အသိအမြင်၊ ဗဟုသုကြွယ်ဝမှုတို့ကို များစွာ မူတည်ပါကြောင်း၊ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှုသည် စာတတ်ရန်/စာဖတ်ရန် လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့အတွက် ပညာခေတ်တွင် စာတတ်မြောက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များက စာရေးဆရာ ရှိန်းမြသင်း ရေးသားထားသော စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူ ပပျောက်ရေးဆီသို့ ဆောင်းပါးတွင် ပါရှိသော အကြောင်းအရာတို့ကို  ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)