အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2021
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာ (၆၇)ရွာတွင် ယူနစ်(၅၁)ယူနစ်ဖြင့် စတင်အကောင်အထည်ဖော်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက နန်းချိန်ခွင် ကျေးရွာ၊ ငွေတောင်ကြီးကျေးရွာနှင့် ကျွဲဖြူတောင် ကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည် ထုတ်ချေးခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ သရက် မြို့နယ် ဧရိယာဝန်းကျင်ရှိ ဧရာဝတီမြစ်ရေအရည်အသွေးစောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက ခရိုင်ဦးစီးအရာရှိ ဦးလန်းဆန်းနှင့်ဝန်ထမ်းများအဖွဲ့မှ ဧရာဝတီမြစ် အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Jan 18,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် မကွေး(၁၆ ) ဆောင်းမြေပဲ မျိုးသန့်မျိုးပွားစိုက်ခင်းအား မင်းကြည့် ကျေးရွာအုပ်စုရှိ လယ်ယာမြေကွင်းအမှတ် (၉၀) ဦးဘိုဝင်း လယ်ယာမြေတွင် သဘာဝမြေ‌ဆွေးနှင့် နွားချေးဖြင့် ရောစပ် ထည့် သွင်းကာ ထွန် ယက်ပြီး ကွန်ပေါင်း ဓာတ်မြေဩဇာများထည့်သွင်းကာ စိုက်ပျိုးထားသည်။
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ အတည်ပြု လူနာ (၃) ဦးသည် ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၉) ဦးထိရှိလာကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို အဆိုပါဦးစီးဌာနရုံးခန်းမ၌ ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး ဝန်ကြီး များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယနေ့ နံနက်(၁၀)နာရီက တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်ရှိ သိန်းတရာရွှေဆိုင် မိသားစုတို့မှ COVID-19 ရောဂါကာကွယ်ရေးအတွက် ပေးအပ်သော အလှူငွေကျပ် (၁၃၄၅ ၀၀၀၀)ကိုလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
Jan 18,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသထွက် ကြောက်လျှာဆံများ စျေးကောင်းရလျက် ရှိကြောင်း ကြောင်လျှာလုပ်ငန်းလှုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ) ကျေးရွာတွင် ဇန်နဝါရီလ (၆)ရက်နေ့က လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၆၀ လုံးနှင့် ၎င်းတို့၏ မိသားစုဝင် (၂၉၇) ဦးတို့အတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများနှင့် ငွေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်တို့က ယမန်နေ့က တော့ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။