ပုလောမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပရာ ဝင်ရောက်ဖြေဆိုသူ (၁၅) ဦးရှိ

ပုလော  ဒီဇင်ဘာလ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် ပုလောမြို့နယ် သံဃာနာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များနှင့် ဂေါပကအဖွဲ့ဝင်များက ကြီးမှုး၍ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များက အချိုရည်များ လှုဒါန်းဆပ်ကပ်၍ လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပထမအဆင့်ဂုဏ်ထူးဆောင် ဝိသုဒ္ဓိမဂ်တွင်  ၂  ဦး၊ပထမအဆင့်အဘိဓမ္မာတွင် ၄ ဦး၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဒုတိယအဆင့်ဂုဏ်ထူးဆောင် ဝိသုဒ္ဓိမဂ်တွင်  ၇  ဦး၊ ပထမအဆင့်အဘိဓမ္မာတွင် ၁ ဦး၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တတိယအဆင့်ဂုဏ်ထူးဆောင် ဝိသုဒ္ဓိမဂ်တွင်  ၁  ဦး စုစုပေါင်း ၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)