Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လောင်းမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ
Jan 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “ခွေးရူးကင်းစင် မြန်မာပြည်တစ်ခွင် ၂၀၃၀ တွင်” ဆောင်ပုဒ်နှင့်အညီ ခွေးရူးရောဂါဖယ်ရှားရေး ကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်၌ ကုလားပဲ (၄)မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အချက် လက်( Data) ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊မင်းရွာကျေးရွာတွင်၊စိုက်ပျိုးရေးဦစီးဌာန နှင့် စိုက်ပျိုးရေးသုတေသန ဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားပဲ (၄) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဒုဦဂစီးမှူး ဒေါ် မိုးဝတ် ရည်သောင်း၊ စခန်းတာဝန်ခံ ဒေါ်ဆွေဆွေဌေး နှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ ၁၄ ရက်နေ့က ကွင်းများအတွင်းရောက်ရှိကာ ကုလားပဲမျိုးများ၏ အပင်ဖြစ်ထွန်းမှုအခြေနေကိုလည်းကောင်း ပိုးမွှားရောဂါ ကျရောက်မှုရှိ မရှိ တို့ကိုလည်းကောင်း တစ်မျိုးခြင်းစီ၏ အပင်အမြင့် ၊သီးတိုင်၊ သီးလုံး အရေအတွက် အချက်အလက် (Data)များ ကောက်ယူ ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် အရင်းအနှီးနည်းသည့် ခရမ်းဖြူသီးပင်များ စိုက်ပျိုးထားခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်မူးကြီးကျေးရွာတွင် အရင်းအနှီးနည်းသည့် မိသားစု တစ်ပိုင်တစ်နိုင် ခရမ်းဖြူသီးပင်များစိုက်ပျိုးထားရှိရာ အသီးများထွက်ရှိပြီး စျေးကွက် ရရှိသဖြင့်မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လှမ်း အထောက်ကူပြုကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်
Jan 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်တွင် မီးသတ်စခန်းဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Jan 15,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မီးသတ်စခန်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၏ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ယာ ပန္နက်တင် အခမ်းအနား ကျင်းပ
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာ ဦးစီးဌာန၏ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ယာ ပန္နက်တင် အခမ်းအနားကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးမှူး ရွေးချယ်ဆ…
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ များကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးမှူး ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေး
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အောင်ဇေယျ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23479
Page
23480
Page
23481
Page
23482
Current page
23483
Page
23484
Page
23485
Page
23486
Page
23487
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department