အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)နှင့် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း ယနေ့နံနက် (၉)နာရီက လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 29,2021
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမှ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 29,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 29,2021
မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့အရံမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များ၌ မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
Dec 29,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ ညနေ ( ၃ )နာရီတွင် ကျင်းပခဲ့သည်။
Dec 29,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် အသက် နှစ်လမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို ဒေသန္တရကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စပြံကွက်ဖြစ်သော မြင်ချင်ကျေးရွာရှိ ကွင်းအမှတ်(၃၀၃၁)၊ ဦးပိုင်အမှတ်(၂၇) တောင်သူ ဦးရွှေမောင်၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် ယနေ့နံနက် ၁၀နာရီက မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Dec 29,2021
၂၀၂၁ ခုနှစ် ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင် ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်အားပေးကြသည်။