Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ ( မြေပဲ ) သီးထပ်စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေး
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာပြန့်ပွားရေး စင်တာနယ်မြေ အတွင်းရှိ နန့်သာကျေးရွာ တောင်သူ ဦးမောင်ထွေး၏ လယ်ယာမြေကွက်တွင် ဆောင်းသီးနှံ (မြေပဲ) သီးထပ် စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ကွင်းဆင်းဆောင်ရွက်
Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပွား စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရေနုတ်မြောင်းများ ဆယ်ယူခြင်းနှင့် Box Culvert များ ပြုလုပ်ရန် အုတ်ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့၊ မြို့နယ်စည်ပင် သာယာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ (ရေစီးရေလာ) အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးအလုပ်အမှုဆောင်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်၊ ရွာသစ်မြို့ရှိ သဘာဝရေတံခွန်အား လာရောက်လည်ပတ်သူများပြား
Jan 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ သဘာဝရေတံခွန်အား ရုံးပိတ်ရက်ကာလနှင့် အခြားသော နေ့ရက်များတွင် ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် စည်းကားနေ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ၏ အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ သွားရောက်စစ်ဆေး
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သပြေပင်ကျေးရွာရှိ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ၏ အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ယမန်နေ့က မြို့နယ် ကြီးကြပ်မှုကော်မတီ အဖွဲ့များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အရေးပေါ်လူနာတင်ယာဉ်တွင် အထွေထွေအသုံးပြုရန် အလှူငွေများလှူဒါန်း
Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ရှိ အရေးပေါ်လူနာတင်ယာဉ် (၂)စီး၏ အတွင်းခန်းတွင် လူနာကုတင်၊ အောက်စီဂျင်အိုး၊ ထမ်းစင်တို့ဝယ်ယူရန်အတွက် ယမန်နေ့က အလှူရှင်များစုပေါင်းပြီး လှူဒါန်းခြင်း၊ တစ်ဦးချင်းလည်း လှူဒါန်းကြရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး အေးသွင်နှင့် တာဝန်ရှိသူတို့က လက်ခံယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် အသား၊ ငါး၊ ဟင်းသီးဟင်ရွက်များကို ဈေးကားများဖြင့် (၁၁)ကြိမ်မြောက် လာရောက်ရောင်းချ
Jan 15,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်၊ ပြည်သူများ မိမိတို့နေအိမ်များနှင့် ဝေးကွာသော ဈေးများတွင် သွားရောက်ဝယ်ယူခြင်း မပြုနိုင်စေရန်နှင့် ရပ်ကွက်အတွင်း၌သာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်းများမှ ပူးပေါင်းဆောင်ရွက်မှုဖြင့်
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ အသိပညာပေး ရှင်းလင်းမှု သင်တန်း ကျင်းပ
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ အသိပညာပေး ရှင်းလင်းမှုသင်တန်းပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူများသွားလာမှု အဆင်ပြေစေရန် ကျုံပျော်မြို့၊ တေဇရပ်ကွက် ဘုရင့်နောင်(၂) လမ်းကို ကျောက်ချောလမ်းခင်း ဆောင်ရွက်
Jan 15,2021
ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်၊ ဘုရင့်နောင်(၂) လမ်းကို ကျောက်ချော လမ်းခင်းခြင်းအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဦးဆောင်ကာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23481
Page
23482
Page
23483
Page
23484
Current page
23485
Page
23486
Page
23487
Page
23488
Page
23489
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department