အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2021
ဧရာ၀တီတိုင်းဒေသကြီး၊​ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျစွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ယနေ့နံနက် (၇)နာရီခွဲအချိန်ခန့်က ရန်ကုန်-ပုသိမ် အမြန်လမ်းမ (၂၃.၄)မိုင်၏ ဘေးဝဲယာများတွင် စုပေါင်းအမှိုက်ကောက်ခြင်း ပြုလုပ်ခဲ့သည်။
Dec 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 28,2021
၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show)ကိုတောင်ငူခရိုင် ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်များအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေးဘဏ် ခံဘက်စုံ သုံးအဆောက်အဦး (Shelter)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စတင်ပြီး အခမဲ့ ကွင်းဆင်းထိုးနှံ ပေးကြကြောင်း သိရသည်။
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့နံနက်က ကျန်းမာသက်ရှည်နေထိုင်ရေး တိုင်းရင်းဆေးဖြင့်ပညာပေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပူပေါင်းဖောက်အားကစားပြိုင်ပွဲ ကျင်းပခဲ့သည်။
Dec 28,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို  ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။