လက်ပံတန်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခြင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လ များအတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၁၁၃၈)ဦးအား ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ပြီး လက်ပံတန်းမြို့ မင်းရပ် ရပ်ကွက်တွင် အသက်(၁၀၀)နှစ် အဘိုးတစ်ဦးနှင့် အဘွားတစ်ဦး၊ မအူကုန်ရပ်ကွက်တွင် အသက်(၁၀၁)နှစ် အဘိုးတစ်ဦးတို့အား လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဒေါ်ခင်ခင်ဆင့်နှင့် ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး