ကံမ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကံမမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများနှင့် အခြားအားကစားနည်း အမျိုးအစားလိုက်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကျင်းပ ဆောင်ရွက်နိုင်ရေး၊ ဆုရရှိသူများအား ဆုချီးမြှင့်နိုင်ရေးဆွေး နွေးပြောကြားပြီး တက်ရောက် လာကြသူများမှ အကြံပြုဆွေးနွေးချက်များအား ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ထို့နောက် အားကစားပြိုင်ပွဲများ ကျင်းပမည့် နေရာသို့ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပူးပေါင်း ပါဝင်လမ်းညွှန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)