ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အားကစားလှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

ဘားအံ    ဒီဇင်ဘာ   ၂၉

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မား လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာ စေရန်ရည်ရွယ်၍  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က   အားကစား ဆိုင်ရာ လှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားပြီး အားကစား လှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် ဘောလုံးပစ်ပြိုင်ပွဲ၊ ဘောလုံးသယ်ပြိုင်ပွဲ၊ ဘောလုံးနဖူးတိုက်သယ် ပြိုင်ပွဲများ၊ ဉာဏ်ဖွံ့ဖြိုး စေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ များပြုလုပ်ပေးခဲ့ရာ အ.ထ.က(၄)မှကျောင်းသား/ကျောင်းသူများ ၁၆ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)