ရပ်စောက် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငွေလုံးငွေရင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်မှု ကြီးကြပ်ရေးကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော ငွေလုံးငွေရင်း လုပ်ငန်းမြေမှ ကတ္တရာ လမ်းခင်းခြင်း (၁)လမ်း၊ ကွန်ကရစ်တံတား (၃) စင်း၊ ရေပေးဝေရေး လုပ်ငန်းများနှင့် 160 KVA ထရန်စဖော်မာ အသစ်လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်း စစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာ ဒေါ်နန်းဆုမြတ်ဇော်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)