စဉ့်ကိုင်မြို့နယ်တွင် ရေစင်ရုံတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

စဉ့်ကိုင်   ဒီဇင်ဘာ   ၃၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း  ကျေးရွာများသောက်သုံးရေလိုအပ်မှု မရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  တဘက်ဆွဲ ကျေးရွာအုပ်စု မြေတော်ကျေးရွာ၊ ဝန်းသိုကျေးရွာအုပ်စု  အရေးမဆို    ကျေးရွာတို့တွင်  ရေစင်ရုံတည်ဆောက်နေမှုကို  ယနေ့ နံနက်(၁၁)နာရီက  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့်ဝန်ထမ်းများကကျေးလက်နေပြည်သူများသောက်သုံးရေ  ရရှိစေရေးအတွက် တဘက်ဆွဲ ကျေးရွာအုပ်စု မြေတော်ကျေးရွာ၊ ဝန်းသိုကျေးရွာအုပ်စု အရေးမဆို ကျေးရွာတို့တွင် စက်ရေတွင်း   တူးဖော်ခြင်း၊  ရေစင်ရုံတည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက် ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ (၁၅.၉၅)သန်း တင်ဒါအောင်မြင်သည့် (BI Hope World) ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော၄’ လက်မ ဒိုင်ရာမီတာ၊ အနက် ၄၀၀ ပေ ရှိစက်ရေတွင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်ရုံနှင့် အမြင့် ရေစင်ရုံ(၅’ × ၅’ × ၇’) ပေ တည်ဆောက်နေမှုကို  ကွင်းဆင်းစစ် ဆေးခဲ့ပြီး  လိုအပ်သည်များကို  ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံ ကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းများ အဆင့်မြင့်တင်ခြင်း  ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်း၊ ကျေးလက်ရေ ရရှိရေး၊  မြစိမ်းရောက်ကျေးရွာ စီမံကိန်း ချေးငွေများထုတ်ချေးခြင်း  စသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းများကို  အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်