မိုးနဲမြို့၌ (၇၄) နှစ်မြောက် လွပ်လပ်ရေးနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

မိုးနဲ ဒီဇင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးနဲမြို့နယ်ရုံးမှ မြို့နယ် ဦးစီးမှူး ဦးမျိုးညွန့်‌ရွှေက (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့ပြီး မိုးနဲမြို့ မြို့နယ်ပညာရေးမှူး (ငြိမ်း) ဆရာကြီး ဦးတိုးလှက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားအား လုံးတို့၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း‌ဆောင်ရွက်ခဲ့မှု များ၊ ပထမကျောင်းသား သပိတ်မှစတင်ပြီး မျိုးချစ် စိတ်ဓာတ်များ နိုးကြားလာကာ မြန်မာ့ လွတ်လပ်ရေးကို အရယူခဲ့သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံလွတ်လပ် ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းခဲ့မှုများ၊ အနာဂတ်လူငယ်များအနေဖြင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထား ကြရေးနှင့် ပြည်သူများအနေဖြင့် လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် စည်းကမ်းရှိရှိဖြင့် နေထိုင်ကြရေး စသည် တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)