မလှိုင်မြို့နယ်တွင်  မြို့ကုန်းကျေးရွာတွင် ပုလဲသွယ်(စပ်မျိုးစပါး)စံကွက်ရိတ်သိမ်းပွဲကျင်းပ

မလှိုင်   ဒီဇင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပုလဲသွယ်(စပ်မျိုးစပါး) စံကွက် ရိတ် သိမ်းပွဲကို ယမန့်နေ့က  ညောင်အုပ်ကျေးရွာအုပ်စု မြို့ကုန်းကျေးရွာ၊ ကွင်းအမှတ် ၂၉ ၊ ဦးပိုင်အမှတ် ၁၀၆/၁ ရှိ တောင်သူ ဦးပု၏ ပုလဲသွယ်(စပ်မျိုးစပါး)စိုက်ဧက ၁ ဒဿမ ၂၀ဧကတွင် ဆောင်ရွက်ခ ကြောင်း သိရသည်။

ရှေးဦးစွာ ပုလဲသွယ်(စပ်မျိုးစပါး) စံကွက်ရိတ်သိမ်းပွဲကျင်းပရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစန်းယုက တောင်သူများအနေဖြင့် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့် လိုက်လျောညီထွေရှိပြီး   အထွက်နှုန်းကောင်းမွန်သော စပ်မျိုးစပါးများ ရွေးချယ်စိုက်ပျိုးကြရန်နှင့် ယခု Y Methord အရ စံကွက်ရိတ်သိမ်းမှုနှင့် ပတ်သက်၍ အထွက်နှုန်းရရှိမှုနှင့် အကျိုးသက်ရောက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ပုလဲသွယ် (စပ်မျိုးစပါး) စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအစို    ၁၆၀ တင်း ထွက်ရှိပြီး အခြောက် ၁၃၃.၃၃ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပုလဲသွယ်(စပ်မျိုးစပါး) စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)